ကွမ်းလုံ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် အောက်တိုဘာ ၁၆ ရက်မှစတင်ပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့် ဦးဆောင်၍ ပန်ဟိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးမှ အိမ်ထောင်စု ၄၃ စု၏ ဒေသခံတိုင်းရင်းသားများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)