ရန်ကုန် အောက်တိုဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အသက်(၁၈) နှစ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက အထက(၁)၊ အထက(၃) နှင့် အမက(၁၇) တို့တွင် စတင်ထိုးနှံပေးခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံမည့် အသက်(၁၂) နှစ်နှင့် အသက်(၁၈) နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၆၁၃ ဦးရှိရာ အောက်တိုဘာ ၁၇ ရက်တွင် အထက(၁) ၌ ၃၀၊ အထက(၃)၌ ၃၀နှင့် အမက(၁၇) တွင် ၃၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၀ အား ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခြင်းဖြစ်သည်။
ချစ်စုဝေ(ပြန်/ဆက်)