ချောင်းဆုံ အောက်တိုဘာ ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီက ပထမအကြိမ် ပထမရက်အဖြစ် ချောင်းဆုံ(အထက)၊ သက္ကော(အထက)၊ ဘိုးနက် (အလက)၊ ကရင်ဝင်းစိန်(အထကခွဲ) (မူလွန်) မုရစ်ကြီး၊ (မူလွန်)နတ်မှော် ကျောင်းများတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်း ၁၉ ကျောင်း စုစုပေါင်း ၃၃ ကျောင်းအား စုရပ်နေရာခွဲပြီး ပထမနေ့တွင် စုရပ် ခြောက်နေရာ၊ ဆေးထိုး အဖွဲ့ ခြောက်ဖွဲ့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ယခုပထမအသုတ်အဖြင့် ကျောင်းသား ကျောင်းသူ ၅၁၉၀ ဦးအတွက် Sinovac ဆေးထိုးပေးရန်လျာထားကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)