mdn

ဆီဆိုင်   အောက်တိုဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သတ်မှတ်စုရပ်များဖြစ်သည့် ဘုရားဖြူ၊ ဆိုက်ခေါင်၊ နောင်ထော်၊ ဘန်းယဉ်၊ လွယ်ပွတ်၊ ထမ့်ယမ်း၊ ပန်ကန်း ၊ ဆိုင်လဲ ၊ ပချားကလို့၊ ပန်အွန်း၊ နောင်မွန် အခြေခံပညာ အထက်တန်းကျောင်း၊ နားမွန်း၊ မမုံ့ဆုံ အခြေခံပညာ အလယ်တန်းကျောင်း၊ နောင်ရင်း အခြေခံပညာ မူလတန်းလွန်ကျောင်း စသည့် ဆေးထိုးစုရပ် ၁၄ နေရာတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)