ရေတာရှည်   အောက်တိုဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) စတင်ထိုးနံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထက(ရေတာရှည်)တွင် ၅၀၂ ဦး၊ အထက(ဆွာ)တွင် ၃၉၈ ဦး၊ အထက(သာဂရ)တွင် ၃၈၆ ဦး၊ အထက(မြို့လှ)တွင် ၃၃၀ ဦး၊ အထက(ရေနီ)တွင် ၃၃၆ ဦးတို့ကို စတင်ထိုးနှံပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စေတနာဝန်ထမ်းတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)