ပခုက္ကူ အောက်တိုဘာ ၁၇

ပခုက္ကူမြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စတင်ထိုးနှံပေးသည်။

ပခုက္ကူမြို့နယ်တွင် အထက်တန်းကျောင်း ၇၄ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၁၅၃ ဦး၊ အလယ်တန်းကျောင်း ၃၆ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၃၀၁ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၄၈ ဦး၊ ကိုယ်ပိုင်ကျောင်း သုံးကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၅ ဦး စုစုပေါင်း ၄၆၃၇ ဦးအား နေ့ရက်အလိုက် ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားရှိကြောင်း သိရသည်။ 

အောင်ဇော်(ပြန်/ဆက်)