ဂွမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး  

ဂွ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(ဂွ)စုရပ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံဆောင်ရွက်ပေးမှုတွင် မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်များနှင့် အမျိုးသမီးကော်မတီဝင်များက အားဖြည့်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်များနှင့် အမျိုးသမီးကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အခြေခံပညာ အလယ်တန်း/ အထက်တန်း ကျောင်းသား၊   ကျောင်းသူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊  ကျောင်းသူများကို ကာကွယ်ဆေးထိုးပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးနေမှုများတွင် ပါဝင်ကူညီအားဖြည့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်