ဆင်ပေါင်ဝဲ   အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာနှင့် စစ္စေးချောင်းကျေးရွာရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများအား  မြို့နယ်တာဝန်ခံ ခရိုင်ရဲတပ်ဖွဲ့မှူး ဆန်းနိုင်ဦးက အောက်တိုဘာ ၁၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးဆန်းနိုင်ဦး၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ် မိခင်နှင့်ကလေးအဖွဲ့များက ဧကရာဇ်ကျေးရွာနှင့် စစ္စေးချောင်းကျေးရွာရှိ အသက် (၁၂) နှစ်အထက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးဆန်းနိုင်ဦးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း (ပြန်/ဆက်)