မိုးကုတ် အောက်တိုဘာ ၂၂
မိုးကုတ်မြို့နယ် လယ်ဦးအုပ်စု ရွံ့ပန်းရပ်တွင် နေအိမ်အပေါ်ထပ်၌ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များမှာ နံနက် ၉ နာရီ ၁၈ မိနစ်တွင် မီးသတ်ယာဉ်(၇) စီးဖြင့် ငြှိမ်းသတ်ခဲ့ကြပြီး ၉ နာရီ ၂၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၉ နာရီ ၃၀ တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၃)ခန်းပတ်လည် အုတ်ခံ သွတ်မိုး ထရံကာ နေအိမ်တစ်လုံးနှင့်အနီးရှိ နေအိမ်အပေါ်ထပ် မီးလောင်ခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


