ကျိုက်မရော အောက်တိုဘာ  ၂၂


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်ထုတ်ပေး လျှက်ရှိကြောင်း သိရသည်။

 

ကျိုက်မရောမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်စားဦးရေ (၇၅၀) ခန့်ရှိပြီး ပင်စင်လစာ ထုတ်ပေးရာ၌ အဆင်ပြေစွာထုတ်ပေးနိုင်ရန် အုပ်စုများခွဲကာ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်းနှင့် ပင်စင်လစာငွေများအား အောက်တိုဘာ ၂၂ရက်မှစတင်ကာ လကုန်ရက်အထိ ဘဏ်ဖွင့်ချိန်များအတွင်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)