မုဒုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ် မုဒုံမြို့နယ် ရွှေဟင်္သာစျေးကြီး၌ ယနေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်နှင့် စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ်မီးသတ်ဦးစီမှူး စောစိုးစိုးမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများတို့က ပူးပေါင်း၍ အဆိုပါ စျေးအတွင်းရှိ ဆိုင်းခန်းများမှ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေငုတ်တိုင်များ၊ အပေါ့စားမီးသတ်စက်များ၊ ရေကန်များ၊ မီးသတ်ဆေးဘူးများနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်များ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


