နတ်မောက် အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား စနစ်တကျ ရှိစေရန် သုံးပေအကွာ နေရာများပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်းများကို နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားသည်။
အဆိုပါ ပင်စင်ထုတ်ယူရာတွင် အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား နိုဝင်ဘာလဆန်းပိုင်း ဘဏ်လုပ်ငန်းချိန်တွင် ပင်စင်လစာငွေများ ထုတ်ပေးမည်ဖြစ်ပြီး နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံမှ သိရသည်။
သင်းသင်းဝေ


