မြောင် အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မကျေးရွာရှိ လယ်ယာမြေဧက ၃၀၀ ကျော်မှ လယ်ယာ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေးရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားသုံးစင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြောင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပရိမ္မကျေးရွာကုန်ထုတ်လမ်းမှာအရှည် ၁မိုင် ၂ ဒသမ ၁၅ဖာလုံရှိ ဂျင်းကျောက်ခင်းခြင်း၊ အလျား ၁၈ပေ၊ အနံ ၁၁ပေ၊ အမြင့် ၄ပေ ရှိ Boxculvert တံတား နှစ်စင်း၊ အလျား ၁၈ပေ၊ အနံ ၁၃ပေ၊ အမြင့် ၄ပေ ရှိ Boxculvert တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၃သန်းဖြင့် တင်ဒါအောင်မြင်သော ဟိဏ်းဇေ ကုမ္ပဏီမှ ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယု က ပြောသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများတည်ဆောက်ပြီးစီးမှုအား မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုနှင့် ဝန်ထမ်းများမှ ယနေ့ နံနက် ၁၀ နာရီက လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်းဖြစ် မြောက်ရေးကော်မတီဝင်များနှင့် အတူ ကွင်းဆင်းတွေ့ဆုံကာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကုန်ထုတ်လမ်း ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ကုန်ထုတ်လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး ကျေးရွာကုန်ထုတ် လမ်းကော်မတီဝင်များနှင့် ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ငြိမ်းသူ


