ဖြူး အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား စုရပ်(၆)နေရာ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နံနက် ၉ နာရီမှစတင်ကာ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ (၇၆၀၆ )ဦးခန့် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး Sinovac အမျိုးအစာ ကာကွယ်ဆေး (၅၂၆၅)လုံး ရရှိပြီး ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူရာတွင် အခြေခံပညာ ကျောင်းပေါင်း(၂၃၀)ရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်းဦးရေ (၁၂၃၈၄)ဦးရှိကြောင်းနှင့် အောက်တိုဘာ ၁၇ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ (၇၆၀၆)ဦး ထိုးနှံပြီးပြီဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


