ကျောက်ဖြူ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာငွေ များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် သတ်မှတ်အကွာအဝေးနေ ရာများထားရှိပေးခြင်း၊ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း အစရှိသည့် ကာကွယ်ရေးလမ်းညွှန်ချက်များအား ဆောင်ရွက်ထားရှိပေးသည်။ ယင်း နောက် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို နိုဝင်ဘာလ၊ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ် ပေးသွားမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ခန့်ရှိပြီး လာရောက်ထုတ်ယူသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရ သည်။
တင်ထွန်းဦး(ပြန်/ဆက်)


