မိုးကောင်း အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ၆ လစီမံကိန်း ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းများလုပ်ငန်းတာဝန်များပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ပေးအပ်ပွဲ၌ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စန်းက ဒေသန္တရစီမံကိန်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူ‌ရေးနှင့် ကုသ‌ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး‌ရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ သမဝါယမဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်‌ ရေအသုံးချရေးဦးစီးဌာန၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့အား ဒေသန္တရစီမံကိန်းလုပ်ငန်းတာဝန်များ ပေးအပ်ရာ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ လက်ခံရယူခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)