ဂန့်ဂေါ  အောက်တိုဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဒုတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲ မှစ၍ ဆေးထိုးစုရပ်ဖြစ်သည့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အသက်(၁၈)နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဉ်အတိုင်း နံနက်(၈)နာရီခွဲမှ(၁၁)နာရီခွဲထိ၊ မွန်းလွဲ (၁)နာရီမှ(၃)နာရီထိ ထိုးနှံပေးလျက်ရှိပြီး ရရှိသည့် ကာကွယ်ဆေးအလုံးရေ (၄၈၀)မှ ပြည်သူ(၂၄၀၀)ကို အောက်တိုဘာ (၂၂)ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။                                                                                                                                     

မောင်မျိုးမင်း(ယော)