ငပုတော အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်၊ငပုတောမြို့၊ ရွှေမြကွင်းအခြေခံပညာ အ.လ.ကခွဲကျောင်းတွင် ယနေ့ နံနက် (၉)နာရီက အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုးနှံပေးသည့်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် SINOVAC ဖြစ်ပြီး လာရောက် ထိုးနှံသည့် ကလေးများအား မိဘအုပ်ထိန်းသူများက ကိုယ်တိုင်ဖောင်ဖြည့်ခြင်း၊ စာရင်းသွင်းရန် တန်းစီခြင်း ကိုဗစ်စည်းကမ်းနှင့် အညီ လုပ်ဆောင်ခဲ့ကြသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူ ကျား (၄၇)၊ မ(၄၁)ဦး၊ စုစုပေါင်း (၈၈) ဦးရှိကြောင်း သိရသည်။
နှင်းယုမော်(ပြန်/ဆက်)


