ဆီဆိုင် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ထားသည့် စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ဆီဆိုင်မြို့နယ် ခန်းမဆောင်၊ ပါလောပါကယ်ကျေးရွာ အုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ၊ တဘက်ကျေးရွာအုပ်စုရှိ ပန်ကန်းဘုန်းကြီးကျောင်း၊ တောင်ရှေ့ကျေးရွာအုပ်စုရှိ နောင်ထော် ကျေးလက်ကျန်းမာရေးဌာန၊ နောင်ကျောကျေးရွာအုပ်စုရှိ နောင်ရင်းဒုံ ကျေးလက် ကျန်းမာရေးဌာန၊ နောင်မွန်ကျေးရွာအုပ်စုရှိ နောင်မွန်ကျေးလက်ကျန်းမာရေးဌာန၊ လွယ်ပွတ် ကျေးရွာအုပ်စုရှိ လွယ်ပွတ်ကျေးလက် ကျန်းမာရေးဌာနတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသ ူများအား ဒုတိအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)


