ရွာသစ် အောက်တိုဘာ ၂၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)(ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက စနစ်တကျပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)


