နတ်မောက်  အောက်တိုဘာ  ၂၂

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နတ်မောက်မြို့ အ.ထ.က(အောင်ဆန်း) ကျောင်းတွင်လည်းကောင်း၊ စိုင်ကောင်းကျေးရွာ အ.ထ.ကတွင်လည်းကောင်း၊ ဖန်းခါးစမ်းကျေးရွာ အ.ထ.က ကျောင်းတွင်လည်းကောင်း၊ ရွှေပန်းတောကျေးရွာ အ.ထ.ကကျောင်းတွင်လည်းကောင်း စုရပ်(၄)နေရာခွဲပြီး အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ (၁၃၅၄) ဦးအားကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းသား/သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ/မများ၊ ပညာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကာကွယ်ဆေးထိုးနှံပေးမှု အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၂၇၈)ဦးတွင် (၁၃၅၄)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိကျောင်းသား ကျောင်းသူ (၉၂၄)  ဦးတို့အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)