mdn

ကျောက်ပန်းတောင်း   အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပွေးကျစ်ဆူး တပ်ကျေးရွာအုပ်စု၊ တောင်ထန်းတောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကော်မတီနာယက၊ ကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသား၊ အသင်းသူ ၁၇၆ ဦးကို ရန်ပုံငွေ ၄၂ ဒသမ ၂၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ကိုပြည့်(ကျေးလက်)