ခင်ဦး အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အခြေခံပညာကျောင်းများရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီတွင် ခင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် အခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၈၀၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၈၇၃ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး စုစုပေါင်း ၉၆၀ ဦးကို ကာကွယ်ဆေးထိုးနှံရန် လျာထားပြီး အောက်တိုဘာ ၂၂ ရက်ထိ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ကို ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)


