မြို့သစ် အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့်ပုလင်းဆည် ရေလှောင်တမံရေပိုလွှဲမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနကသိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၈၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ ၃ပေ) ခန့် စွန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၃၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ ၃ ပေ) ခန့်၊ ပုလင်းဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၈၅ ဒသမ ၂၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ ၂ ပေ) ရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည် ၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏ ရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)


