တမူး အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စျေးတန်း() ရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်ည နာရီ ၁၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်မှာ စျေးတန်း() ရပ်ကွက်ရှိ အလျား ၆၄ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၂၁ ပေ၊ ခြောက်ခန်းတွဲ နှစ်ထပ်၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း စျေးဆိုင်တန်းရှိ ဦးခိုင်ဇော်၏ နေအိမ်၌ လျပ်စစ်ပန်ကာ ဖွင့်ထားရာမှ ဝါယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် အလျား ၂၄ ပေ အနံ ၁၆ ပေ၊ တစ်ထပ်၊ တစ်ခန်း၊ အလျား ၂၄ ပေ အနံ ပေ၊ တစ်ထပ်၊ တစ်ခန်း၊ အလျား ၂၄ ပေ အနံ ပေ၊ တစ်ထပ်၊ အပေါ်ထပ်သုံးခန်း၊ အလျား ၂၄ ပေ အနံ ၁၆ ပေ၊ အပေါ်ထပ်တစ်ထပ်၊ တစ်ခန်းနှင့် ပရိဘောဂနှင့် အစား အသောက်ထုတ်ပိုးပစ္စည်းများ အပါအဝင် ဆုံးရှုံးမှုတန်ဖိုး ၆၅၀၀၀၀၀ ကျပ်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူများမှ မီးသတ်ယာဉ်လေးစီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ အကူယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ဖူးပွင့်စံထမင်းဆိုင် ပိုင်ရှင်ဦးခိုင်ဇော်အား တမူးမြို့ မရဲစခန်းမှ၈၂/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ကြီး