မိုင်းယန်း အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသောကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာငါးဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်၍ ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ နေထိုင်ရ မည် ဖြစ်ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ၁၁၈ ဦးရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ ၁၀၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


