တွံတေး အောက်တိုဘာ ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးနယ်တွင် နေ့စဉ် နံနက် နာရီမှစပြီး ..က() ရတနာခန်းမ၌ အသက် ၁၈နှစ်နှင့်အထက် ပြည်သူများနှင့် သက်ကြီးဘိုးဘွားများကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ယခုအခါ တွံတေးမြို့နယ်တွင် ကျန်ရှိနေသောပြည်သူများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ တွံတေးမြို့နယ်တွင် ယမန်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးသူ ၈၅၀ ဦးရှိကြောင်း သိရသည်။

 

"ယခုထိုးနှံပေးသော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး၏ ရောဂါကာကွယ်နိုင်စွမ်းမှာ နိုင်ငံအပေါ်လိုက်ပြီး ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးရွားရွားအခြေအနေ မရောက်အောင်၊ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်"လို့ တွံတေးမြို့နယ် ကျန်းမာရေးမှူးအဆင့်() ဦးလှစိုးထံမှ သိရသည်။

(မြို့နယ် ပြန်/ ဆက်)