ကန်ကြီးထောင့် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ လယ်ဧက ၁၀၀ စံပြကွက်၌ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက စုပေါင်းပြုလုပ်သည့် မိုးစပါးစံပြကွက် စုပေါင်းရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက် အားပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက မိုးစပါးစံကွက်အား ကောက်ရိတ်စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံသည်။ အဆိုပါ လယ်ဧက ၁၀၀ စံပြကွက်၌ ဆင်းသုခ၊ ပခန်း၊ သီးထပ်ရင်၊ မှော်ဘီ စသည့် စပါးမျိုးများ စိုက်ပျိုးထားပြီး တစ်ဧက စပါးအထွက်နှုန်းမှာ ၁၀၅ တင်းထွက်ရှိခဲ့ကြောင်း၊ မျိုးသန့်စပါး တစ်တင်းလျှင် ငွေကျပ် ၈၀၀၀ ရောင်းရကြောင်း တောင်သူများ၏ ပြောကြားချက်များအရ သိရပြီး စံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


