မကွေး   အောက်တိုဘာ   ၂၅

 

မကွေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးအတွင်း ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း အခြေခံဘာသာရပ်သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၅ ရက် နံနက် နာရီက မကွေးမြို့၊ ပညာရေးဒီဂရီကောလိပ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဝန်ထမ်းသစ် သင်တန်းသူ သင်တန်းသားများ အနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့် လုပ်ငန်းခွင် အတွေ့အကြုံများကို ကြိုးစားသင်ယူ လေ့လာသွားရမှာဖြစ်ပြီး လက်နက်မဲ့ စစ်ရေးပြ သင်ခန်းစာကိုလည်း သေချာစွာ သင်ကြားဖို့လိုကြောင်း” အမှာစကား ပြောကြားပြီး မကွေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးစိုးပိုင်မြင့်က ဌာနတွင်း အခြေခံဘာသာရပ် သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

အဆိုပါ ဝန်ထမ်းသစ်များ ဌာနတွင်းသင်တန်း အမှတ်စဉ် (/၂၀၂၁) ကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုအောင်