လက်ပံတန်း   အောက်တိုဘာ   ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဂွေးတောက်ကွင်း ကျေးရွာ တောင်သူ ဦးတင်ဝင်း၏ ဦးပိုင်အမှတ်- ၆၈/၁၊ ကွင်းအမှတ်- ၁၁၅၈ တွင် ရတနာတိုး မိုးစပါး တစ်ဧက စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။

 

မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူး  ဦးသန်းအောင်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးနိုင်ဝင်း၊ တောင်သူများ ပူးပေါင်း၍ မိုးစပါး တစ်ဧက စံကွက်ရိတ်သိမ်းခဲ့ရာ စပါးအစို ၁၀၅ တင်း ထွက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)