ကျိုက်လတ် အောက်တိုဘာ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီက ဖောင်ရိုးဆိပ်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖောင်ရိုးဆိပ်ကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား (၇၆)၊ မ (၅၅) ဦး ပေါင်း (၁၃၁) ဦး၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၅) ဦး၊ မ (၉) ဦး ပေါင်း (၁၄) ဦး၊ (၁၀) နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၄၈) ဦး၊ မ (၅၄) ဦး ပေါင်း (၁၀၂) ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးမှု ကျား (၂၇) ဦး၊ မ (၃၉) ဦး ပေါင်း (၆၆) ဦး စုစုပေါင်း ကျား (၁၅၆) ဦး၊ မ (၁၅၇) ဦး စုစုပေါင်း (၃၁၃) ဦး ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ကျိုက်လတ်(ပြန်/ဆက်)