ရေကြည် အောက်တိုဘာ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်း စိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ် ဦးစီးမှူး ဦးဇော်ဇော်ဝင်းနှင့် ဝန်ထမ်းများက အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီက မရင်းကူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပန်းခံစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မရင်းကူးကျေးရွာအတွင်းရှိ လူဦးရေ (၃၇) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိသည်။

 

အောင်သူဟန်(ပြန်/ဆက်)