တောင်ပြိုလက်ဝဲ   အောက်တိုဘာ   ၂၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာအနီး WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (ကာလ တန်ဖိုး ငွေကျပ် ၁၃ သိန်းခန့်) အား အောက်တိုဘာ ၂၅ ရက် နံနက် ၁၀ နာရီက ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ် ( )  နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအောက်၊ အမှတ် ( ) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် စိုးဝင်းပါ တပ်ဖွဲ့ဝင် ခြောက်ဦးတို့က မှတ်တိုင် ၃၇ နှင့် ၃၈ ကြား (ဒီယူ−၁၉၁၄၇၁) အနီး၌ ကင်းပုန်းဝပ်နေစဉ် မြန်မာဘက်မှ နှစ်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးဘက်သို့ ဦးတည်၍ ကျောပိုးအိတ်ကိုယ်စီလွယ်ကာ လမ်းလျှောက် လာသော မသင်္ကာဖွယ်လူနှစ်ဦးကို တွေ့ရှိစစ်ဆေးရာ စီမောင် ၁၄ နှစ် နှင့် အောင်ကျော် ၁၆ နှစ်၊ ဘာလူဂျာကျေးရွာ၊ ဘင်ဒူဘင်မြို့နယ်၊ နတ်ချောင်ဆိုရီခရိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနေသူ ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးအား ဆက်လက်ရှာဖွေရာ ကျောပိုးအိတ်အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထုတ်ထားသော WY စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ နှစ်ထုပ်၊ ၁၆၀ ပါ တစ်ထုပ်၊ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထုတ်ထားသော R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ တစ်ထုပ်၁၁၀ ပါတစ်ထုပ် စုစုပေါင်း ဆေးပြား ၈၇၀ (ကာလတန်ဖိုးငွေ ဆေးပြားတစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် ၁၃၀၅၀၀၀ ကျပ်) နှင့် Redmi တံဆိပ်ပါ အနက်ရောင်ဖုန်း နှစ်လုံး၊ Symphony တံဆိပ်ပါ ခလုတ်ဖုန်းရွှေရောင်နှင့် အနက်ရောင် နှစ်လုံးတို့အား သိမ်းဆည်းရမိသည်။

ဖမ်းဆီးရမိသည့် တရားခံနှစ်ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)