ရန်ကုန် အောက်တိုဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသား စိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စုစာရင်း ရရှိရေး အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် လဝကဦးစီမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါရပ်ကွက်အတွင်း နေထိုင်သော အသက် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်ပေးခြင်း၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် ၃၃ ကတ်၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် ၃၇ ကတ်၊ စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ် ၇၀ အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)


