မိုးညှင်း   အောက်တိုဘာ   ၂၆

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၂၁၈၂ ဦးအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂၄ ရက်မှစတင်ကာ စုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။

 

ကာကွယ်ဆေးထိုးနှံပေးရာ၌ မိုးညှင်းမြို့နယ်ရှိ မိုးညှင်း၊ ဟိုပင်နှင့် နန့်မွန်းဒေသများတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၂၁၈၂ ဦးကို ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစား ထိုးနှံပေးပြီး ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးမှုကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေး ထိုးနှံပြီးသူများကို နိုဝင်ဘာလတွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)