ရန်ကုန် အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ()ရပ်ကွက် စွယ်တော်မြတ်စေတီလမ်းသို့ သွားရောက်၍ လမ်းဘေးဝဲ/ယာ အုပ်မိုးကိုင်းများ ခုတ်ထွင်းရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှု  လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်နေသော EM Bokashi မြေဩဇာ ထုတ်လုပ်ခြင်းကိုလည်းကောင်း ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသည် ပုံသွင်းခုတ်ဖြတ်ရာမှ ရရှိသည့် အကိုင်းအခက်များကို စုစည်းထားပြီး သစ်ရွက်များကို ခွဲခြားသန့်စင် Sorting လုပ်ခြင်း၊ အလျား ပေ၊ အနံ ပေ၊ အမြင့် ပေ၊ ဒသမ ၇၂ ကျင်းဆန့်ကန်အတွင်း သစ်ရွက်ဆွေး၊ ဖွဲပြာ၊ နောက်ချေးများအား အလွှာလိုက်ထည့်ခြင်း၊ တင်လဲရည် ()လီတာ၊ EM ရည် ()လီတာ၊ ရေ (၁၀၀)လီတာတို့ ရောစပ်ထည့်ခြင်း စသည်တို့ အဆင့်ဆင့်ပြုလုပ်ပြီး  (၄၅) ရက်အကြာတွင် အသင့်အသုံးပြုနိုင်သည့် EM Bokashi မြေဩဇာထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊ ယခု EM Bokashi မြေဩဇာကန် (၆၆)ကန် ပြုလုပ်ထားပြီး ကန်(၉၄)ကန် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း၊ အဆိုပါ မြေဩဇာကို အင်းလျားကန်ပေါင်နှင့် လမ်းလယ်အဝိုင်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ယခင်က ဓာတ်မြေဩဇာအသုံးပြုခဲ့ရာမှ EM Bokashi မြေဩဇာ အစားထိုးအသုံးပြုခြင်းဖြင့် စွန့်ပစ်သစ်ရွက်ဆွေးများ ပြန်လည်အသုံးချနိုင်ပြီး  သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။

သတင်းစဉ်