မကွေး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မကွေးမြို့ပေါ်ရှိ အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများအား နိုင်လွန်ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရာတွင် တိုင်ဒေသကြီး ဝန်ကြီးချုပ်အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အဓိကထား လုပ်ဆောင်ကြရန် မှာကြားသည်။
မကွေးမြို့တွင်းလမ်းများဖြစ်သည့် အဝေရာလမ်း၊ ကမ်းနားလမ်းနှင့် သုခိတာလမ်းများအား နိုင်လွန် ကတ္တရာခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အဖွဲ့ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်သိန်း ၈၁၄၉ ဒသမ ၀၉၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်း အားလုံး ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)


