တီဟီရန် အောက်တိုဘာ ၂၈ 

အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၀၉၆ ဦးအား ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၈၇၇၄၅၆ ဦး ရှိလာသည်။

အလားတူလွန်ခဲ့သော ၂၄ နာရီအတွင်း ၁၅၆ ဦးထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၂၅၅၁၉ ဦးရှိလာကြောင်း အီရန်ကျန်းမာရေးနှင့် ဆေးပညာဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရသိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၅၄၄၃၂၄၃ ဦးရှိသည်။ လူနာ ၄၁၈၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည်။

လက်ရှိအချိန်အထိ ပြည်သူ ၅၁၄၅၅၂၉၁ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်၍ ပြည်သူ ၃၀၉၅၀၄၈၀ သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ ပြည်သူ ၃၄၉၇၀၁၀၃ ဦးအား ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ ဘာသာပြန်- အောင်ကျော်ကျော်