ရန်ကုန် အောက်တိုဘာ ၂၇
မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ ANTALYA မြို့၌ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလကုန်အထိ တူရကီနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။
ခြေစမ်းကစားသွားမည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (A) တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း (ဘရူနိုင်း၊ တီမော)တို့နှင့်အတူ ကျရောက်နေသည်။ မြန်မာအသင်းသည် တူရကီ နိုင်ငံမှ ပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ တိုက်ရိုက်သွားရောက်မည်ဖြစ်သည်။ မြန်မာအသင်းသည် တူရကီနိုင်ငံတွင် တူရကီကလပ်အသင်းများနှင့် ခြေစမ်းကစားသွားမည်ဖြစ်သည်။
ကိုညီလေး