မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက  ရှောက်ချောင်းကျေးရွာအုပ်စု၊ လေးဂွကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း သဘောသဘာဝများ၊ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းရမည့် စည်းကမ်းချက်များအား  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာသူကျေးရွာသားများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီဝင်များအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အတည်ပြုရွေးချယ်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တေဇာလင်း