နတ်မောက် အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးတင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ၊ ကျောင်းသား/သူများနှင့် ကလေးငယ်များအတွက် စာပေဗဟုသုတ ရရှိစေရန် နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ ရသစာအုပ်များ မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြောခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များကို နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းအမျာက ရိုက်ကူး၍ Online မှတစ်ဆင့် နေ့စဉ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)