သုံးခွ အောက်တိုဘာ ၂၈

       

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊ စပါး ကုန်သည်များအသင်းနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍  ပြည်သူများအား ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအဆင်ပြေစေရန် ဆန်၊ ဆီ စသည့် စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယနေ့ နံနက် ၈ နာရီခွဲက သုံးခွမြို့မ ဈေးအနောက်ဘက်၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ရောင်းချရာတွင် ဆီငါးဆယ်သားတစ်ဘူးလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊   ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရိုးရိုးဆန် တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရွေ့လျားမော်တော်ယာဉ် နှစ်စီးဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ‌ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

မြို့နယ် (ပြန်/ဆက်)

 

mdn