ရန်ကုန်  အောက်တိုဘာ  ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်ရှိ သဒ္ဒါရုံ/မင်းနန္ဒာအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန် မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ၎င်းဝင်းအတွင်း တည်ဆောက်နေသည့် ပေ ၆၀ x ၈၈ ပေ အကျယ်ရှိ (၆) ခန်းတွဲ၊ (၆) ထပ်တိုက် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။  

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် စက်မှုလက်မှု ရပ်ကွက်ရှိ ပါဠိကာရီပရိယတ္တိစာသင်တိုက် သို့သွားရောက်၍ ကျောင်းထိုင် ဆရာတော် အဘိဓဇမဟာရ ဋ္ဌဂုရု သာသနဓဇ သီရိပဝရဓမ္မာစရိယ၊ ဒီဃနိကာယ ကောဝိဒ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဩဝါဒါစရိယ တိုင်းဥက္ကဋ္ဌ(ရွှေကျင်) ဒေါက်တာ ဘဒ္ဒန္တအင်္ဂိသ အား ဖူးမြော်ကြည်ညို၍   ဆွမ်းဆန်တော်၊ ဆီ၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရှုခင်းသာလမ်းနှင့် ရတနာပုံ(၆)လမ်း ရှိ  သာကေတမြို့ နယ်ခန်းမ တည်ဆောက် နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရှုခင်းသာလမ်းနှင့် ရတနာပုံ (၆) လမ်းရှိ သာကေတမြို့နယ်ခန်းမ တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်ရှိ သန်လျင်တံတားချဉ်းကပ် လမ်းမကြီးအား သလ္လာဝတီလမ်းမှ သာကေတ အဝိုင်းထိ အရှည် ပေ ၁၁၅၀၊ အကျယ် ၇၂ ပေ ၆ လမ်းသွား ကွန်ကရိလမ်း တိုးချဲ့ခင်းကျင်းနေမှုကိုလည်းကောင်း၊ သန်လျင်တံတား ချဉ်းကပ်လမ်းဖြတ် အရှည် ပေ ၁၀၀၊ အကျယ် ၅ ပေနှင့် အနက် ၇ ပေ ရှိ Box Culvert ပြုလုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်

 

mdn