တောင်ကြီး   အောက်တိုဘာ   ၂၉

 

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် ( ၅/၂၀၂၁ ) နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ( ၅/၂၀၂၁ ) ကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ့ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ဆန်စပါး စားနပ်ရိက္ခာ ဖူလုံမှု ကာကွယ်စေရန်အတွက် လယ်မြေအား အခြားနည်းအသုံးပြုခြင်းကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က အထူးတားမြစ်ကြပ်မတ်ရန် လိုအပ်ကြောင်းနှင့် လယ်ယာမြေပေါ်တွင် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့်မရရှိဘဲ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများနှင့်ပတ်သက်၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ကျူးကျော် နေထိုင်မှုများ မရှိစေရေး တားမြစ်ခြင်း၊ အထူးကြပ်မတ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း” ပြောကြားသည်။

 

ထို့နောက် လယ်ယာမြေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်  ( ၄/၂၀၂၁ )  ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်  ( ၄/၂၀၂၁ )  ဆုံးဖြတ်ချက်များ၊ ပြည်နယ်စီမံလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်  ( ၅/၂၀၂၁ )  တင်ပြချက်များ၊ ပြည်နယ်မြေလွတ်၊‌ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်  ( ၅/၂၀၂၁ )  တင်ပြချက်များအား ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ဖတ်ကြားကာ အစည်းအဝေးအတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းဆောင်ရွက်၍ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား‌ ပြောကြားခဲ့သည်။

 

မောင်မောင်သန်း ( တောင်ကြီး )