နတ်မောက် အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပြီး အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ဝါသီးနှံအထွက်တိုးဇုန် ဆောင်ရွက်ထားရှိသည့် ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် သီးနှံအထူးဇုန်များ သတ်မှတ်ဆောင်ရွက်လျက်ရှိရာ နတ်မောက်မြို့နယ်၏ အဓိက သီးနှံဖြစ်သည့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးဇုန်ကို ရွာမွန်အုပ်စုတွင် ဧက ၅၀၀၊ တောင်ထောင့် ကျေးရွာအုပ်စုတွင် ဧက ၃၀၀၊ ရေငံကျေးရွာအုပ်စုတွင် ဧက ၂၀၀ စုစုပေါင်း ၁၀၀၀ ဧက လျာထားသတ်မှတ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေတောင် (၈) ဝါမျိုးစေ့၊ ရွှေတောင် (၁၀) ဝါမျိုးစေ့၊ ငွေချည် (၁၁) ဝါမျိုးစေ့များကို ဖြန့်ဝေပေးခြင်း၊ စိုက်နည်းစနစ် မှန်ကန်အောင် စိုက်ပျိုးတတ်စေရန်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲတတ်စေရန်၊ အပင်ပြုစုနည်းစနစ် မှန်ကန်စေရန်အတွက် စနစ်တကျ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်


