တောင်ငူ   အောက်တိုဘာ   ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၉ ရက်က တောင်ငူမြို့နယ် ကံရိုးကျေးရွာအုပ်စု ကွင်းအမှတ် ၅၃၈ (က) ဦးပိုင်အမှတ် (၂၇/) တောင်သူ ဦးခိုင်ဦး၏ နှံကောက်အမျိုးအစား စံကွက်၌ ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက် တင်းအစိုချိန် ၁၂၇ တင်း၊ အခြောက်ချိန် ၁၁၅ တင်း ထွက်ရှိကြောင်း သိရသည်။

 

အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်း ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြသည်။

 

တောင်ငူမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၇၉၈၄ ဧကကို တောင်သူ ၆၇၃၉ ဦးက စိုက်ပျိုးထားရှိရာ အထွက်နှုန်း ကောင်းမွန်စွာ ထွက်ရှိသဖြင့် လာမည့်စိုက်ပျိုးရာသီကာလ၌ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)