နေပြည်တော် အောက်တိုဘာ ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက်ဆည်၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း) တို့တွင် ဒုတိယနှစ်သင်တန်းများအား နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)


