ဂျေရုဆလင် အောက်တိုဘာ ၃၀

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသည် အစ္စရေးနိုင်ငံတွင် သံတမန်နှင့် ကုန်သွယ်ရေးကိုယ်စားလှယ် ထားရှိသွားမည်ဟု သိရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ သမ္မတဖိလစ်ရှီဆက်ကီဒီသည် အစ္စရေးဝန်ကြီးချုပ် နာဖ်တလီဘန်းနက်နှင့် အောက်တိုဘာ ၂၈ ရက်တွင် ဂျေရုဆလင်မြို့၌ အစည်းအဝေးပြုလုပ်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဂျေရုဆလင်မြို့ တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ သံတမန်နှင့် ကုန်သွယ်မှုကိုယ်စားလှယ်ရုံး ဖွင့်လှစ်သွားမည်ဟု ဖိလစ်ရှီဆက်ကီဒီက ပြောသည်။

မစ္စတာ ဘန်းနက်ကလည်း အစ္စရေးနိုင်ငံနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးအတွက် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာ