မောင်တော အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား (ပထမ)အကြိမ်အဖြစ် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီအချိန်က သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်သော ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို မိနစ် ၃၀ ခန့် အနား ယူစေပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူ (၇၂၉၇)ဦးရှိပြီး (ပထမ) အကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက် မှ ၂၉ ရက်အထိ အသက်(၁၂)နှစ် အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၁၅) ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးပြီးကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


