ဒေးဒရဲ အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား နွေစပါးစီမံကိန်းဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများအား ဈေးနှုန်းချိုသာစွာ ရရှိနိုင်ရေး၊ ရပ်ကွက်ကျေးရွာ အုပ်စုများရှိ အများနှင့် သက်ဆိုင်သော ဘုရား၊ ကျောင်း၊ ရေအိုင် စသည်များကို စုပေါင်း၍ အပတ်စဉ် သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား သတ်မှတ်အုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျန်ရှိသူများ မရှိစေရေးနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။

အေဇာလင်း(ပြန်/ဆက်)